top of page

ပန်းလှိုင်ဂေါက်ကလပ် မေ/ဇွန် စာစောင်

Writer's picture: Yoma Golf Yoma Golf

Updated: Jun 1, 2020

Golf Director, Stephen ၏အမှာစကား


လူတိုင်းနှင့် သူတို့ ၏ ချစ် ရ သူတိုင်း မ ကြာ သေး မီ က ဖြစ် ပွားခဲ့ သည့် COVID – 19 ဟု ခေါ် သော ကျွန်တော် တို့ ၏ အသက်များ နှင့် အကျိုး စီးပွား တို့ ကို ခြိမ်း ခြောက် နေ ခဲ့ သော ရော ဂါ ဆိုး ကြီး ကင်း ‌ဝေး ပြီး ကျန်း မာ ရေး ကောင်း မွန်လျက် လုံ ခြုံ စိတ် ချ ရ သော ဘ ဝကို ပိုင် ဆိုင် နိုင် လိမ့် မည် ဟု ကျွန် တော် မျှော် လင့် ပါတယ်။ သတင်း ကောင်း လေး တစ် ခု ပြော ရ ရင် တော့ Hole18 နှင့် Practice တို့ ၏ မျက် ခင်း ပြင် များ အားပြုပြင် မွန်း မံ့ ခြင်း များ နှင့် မြေဩဇာ ကျွေး ခြင်း များ ပြု လုပ် ပြီး စီး ခဲ့ ပြီ ဖြစ် သော ကြောင့် မေ လ အ လယ် တွင် ထပ် မံ၍ (၅) ရက် ပိတ် ရန် မလို တော့ ပါ ခင် ဗျ။ ကျွန် တော် တို့ ပြု လုပ် ရေး ပြီး ဆုံး သည် နှင့် တစ် ပြိုင် နက် မိုး ရွာ သွန်း ခြင်း သည် အာဟာရ ဓာတ်များ ကို အမြစ် ဇုန် များသို့ဝင် ရောက် စေ နိုင် ရန် အတွက် အ ကူ အညီ ပေး သည့် အတွက် အ ကောင်း ဆုံး သော ဆေး ပင် ဖြစ် သည်။ နောက် ထပ် သ တင်း ကောင်း လေး တစ် ခု က တော့ Golf Course အနေ ဖြင့် နောက် ထပ် Investment လေးတစ်ခု ပြု လုပ် ထားပါ တယ်။ အဲ့ဒါ ကတော့ Golf Course ကို ပြု ပြင် ထိန်း သိမ်းရန် အတွက် စက် လေး တစ် လုံး ထပ်မံ ဝယ်ယူ ထား ပါ သည်။


ယခုကဲ့ သို့ သော စီးပွား ရေး ကျပ်တည်း နေ ချိန် တွင် ထပ်မံ ဝယ်ယူလိုက် ခြင်းသည် Golf Course Maintenance အတွက် Yoma Land မှ ဦးစားပေးလျက် ရင်နှီးမြုပ် နှံ မှု များ ပြု လုပ် ပေးသည်ကို မီး မောင်းထိုး ပြ လျက် ရှိသည်။ ဤစက်ကလေးကို Semi – Rough မြက် ခင်း များ ဖန်တီး ပြု လုပ်ရန် အတွက် အသုံး ပြုမှာ ဖြစ် ပြီး အ သေးစိတ်ကို တော့ အောက် ဘက် စာပုဒ် များ တွင် Rough တွင် ဘယ်လို ကစားရမည် ဆို သော Tips များ ဖြင့် အသေးစိတ် ရှင်းပြ ထား ပါတယ် ခင် ဗျ။ ထို့ ကြောင့် ကလပ်ရှိ ဝန်ထမ်းများ အားလုံးကိုယ်စား Golf Course မှာ တစ် ဖန် ပြန် လည်ပျော်ရွှင် စွာ က စားဖို့ဖိတ် ခေါ် လိုက် ပါ ရ စေ ခင် ဗျ။ ကြို တင် ကာကွယ်ရေး အ စီအမံ အသစ် များနှင့် ပြန် လည် ဖွင့် လှစ် မည့် ရက် စွဲ ကို မ ကြာခင် ပြန်လည် ကြေငြာ ပေးပါ့ မယ် ခင်ဗျ။

 

Golf Pro ၏ အကြံပေးချက်


ပထမဆုံးပြောချင်တာကတော့ ASSESS the LIE of the BALL ပဲဖြစ်ပါတယ်။ ဘောလုံးသည်မြေပြင်ပေါ် အတော်အတန်ထိုင်နေခြင်းဖြင့် good contact challenging နှင့် control of your ball a bigger challenge တို့ကိုပိုမိုကောင်းမွန်စွာလေ့ကျင့်နိုင်မည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် club face နှင့် contact မှာ ရောက်ရှိဘောလုံးအကြားတွင် ဘောလုံးရှိနေမည်ဖြစ်ပြီး ဘောလုံးလည်ပတ်ခြင်းနှင့် ဘောလုံးမြက်ခင်း ပေါ်တွင် ချက်ချင်းရပ်တန့်ခြင်းကို ပြုလုပ်ပေးသောကြောင့်ဖြစ်ပါသည်။ အကယ်၍ သင်သည် Par 4 သို့မဟုတ် Par 5 ကို အချိန်ယူကစားတတ်သူတစ်ယောက်ဆိုလျှင် အဝေးမှရိုက်ခြင်းသည် ဘောလုံးရှေ့သို့ ရောက်ခြင်း၊ ထိပ်လှည့်ခြင်း တို့ကို အရှိန်မြှင့်တင်ပေးပါသည်။ သို့သော်သင်၏ ဘောလုံးသည် မြက်ခင်း မျက်နှာပြင်သို့ကျရောက်ခဲ့လျှင် ဤအရာသည် ကံကောင်းခြင်းပင်ဖြစ်သည်။ သို့သော်လေနှင့်အတူ မပါသွား ရန်လိုအပ်သည်။


ဘောလုံးမြက်ထဲတွင်ရှိနေပုံ


ဘောလုံးမြက်ပေါ်တွင်ရှိနေပုံ


အကောင်းဆုံးဆက်သွယ်မှုသော့ချက်မှာ သင်၏ Angle of Attack တစ်နည်းပြောရလျှင် ရိုက်ချက်ကို ကောင်းမွန်စွာ လျှော့ချတတ်ခြင်းပင်ဖြစ်သည်။


Golf ကစားသောအချိန်နှင့် Club ရွေးချယ်သောအချိန်များတွင် သတိပြုရမည့်အချက်များကို ဆက်လက်၍ ဖော်ပြသွားမှာဖြစ်ပါသည်။


သင်၏ဘောလုံးသည် အောက်သို့ရောက်သောအခါ သင်ရိုက်ရန်ခက်ခဲသည်။ ထို့ကြောင့်ဘောလုံးကို အပြင်သို့ ထွက်ရန်နှင့် ပုံမှန်ထက်ပိုမိုကောင်းမွန်စွာ လှည့်ပတ်စေရန် အင်အားအပြည့်ဖြင့် ပိုမိုပြင်းထန်သော တိုက်ခိုက်မှု ထောင့်လိုအပ်သည်။ Iron 7 နှင့်အထက်ကို မြက်ခင်းထဲတွင်သာမန်ထက်ပိုမို နစ်ဝင်နေသော ဘောလုံးများအတွက် အသုံးပြုခြင်းဖြင့် ပိုမိုမြင့်မားသောရိုက်ချက်ကို ရရှိမည်ဖြစ်သည်။ Iron အသေးများကို အသုံးပြုမည်ဆိုပါက သင့် club ကို အပူလွန်ကဲခြင်း၊ ကျိုးပျက်ခြင်းများဖြစ်ပေါ်စေပါသည်။ ပို၍ အောက်ဖက်သို့ရောက်နေသော ရိုက်ချက်များအတွက် သင်၏ဘောလုံးအနေအထား (သို့) သင်၏အနေ အထားကို ပြန်လည်ပြင်ဆင်ပြီး သင်၏ခြေထောက် ၆၀/၄၀ (ကျင်းနှင့်နီးကပ်သောခြေထောက်) တွင် ပို၍ အလေးချိန်ထည့်ပေးရန် လိုအပ်သည်။


သင်၏ဘောလုံးအပေါ်ဘက်သို့ရောက်နေလျှင် အပေါ်သို့ထောင်ရိုက်ရန် လိုအပ်သည်။ ဘောလုံးအပေါ်တက် သွားသည့် ထောင့်လေးထောင့်သည် ဘောလုံးအောက်တွင်ရှုပ်ထွေးခြင်းနှင့် လုံးဝလွဲချော်ခြင်းမပြုရန်သည် အဓိက သော့ချက်ပင်ဖြစ်သည်။ Wood သည် Club ၏အရှည်ကြောင့် ပိုမိုသေးငယ်သော ထောင့်ချိုးကို ဖြစ်ပေါ်စေသောကြောင့် Wood ကို အသုံးပြုရန်အကြံပေးလိုသည်။ ဘောလုံးသည် အပေါ်သို့ ရောက်ရှိ နေပါက သင်၏ driver ကိုပင် ကြိုးစားအသုံးပြုပါက သင်ရလဒ်ကို အံံ့အားသင့်မှာ သေချာပါသည်။ အကြံပေးလိုသည်မှာ Wood ကို Approach shot ကစားနည်းအသုံးပြုရာတွင် မသုံးသင့်ပါ။ ထို့ကြောင့် shallower attack method ကို အသုံးပြုပြီး ဘောလုံးကို ရှေ့သို့ (ဘယ်ဘက်)နေရာတွင် ထား၍ ကစားသင့် ပါသည်။ ထိုမှသာ arc of the clubhead ကအနိမ့်ဆုံးအမှတ်ကို ဖြတ်ကျော်ပြီး upward မှာ သက်ရောက်မှု ဖြစ်စေပါသည်။


 

Golf Course တည်ဆောက် ထိန်းသိမ်းရေး ပညာရှင် U Zaw Min နှင့် Dan Green ၏အမှာစကား



Fairways များ ဖြတ်တောက် ပြီးနောက်ပိုင်း တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းမတိုင်မီ အမြစ်ဇုန်များသို့ လေ ကောင်း လေ သန့် ၀င် ခြင်း နှင့် ဆည် မြောင်း များ ပို မို ကောင်း မွန် စေ ရန် ၆ လက်မ အရွယ် Tines များ ထည့် သွင်း ထားသည်။ မိုး သည်းထန်စွာ ကြောင့် ပျက်စီးဆုံးရှုံး မှု မ ရှိ စေ ရန် နှင့် ကောင်းမွန် စွာ ထိန်း သိမ်းနိုင် ရန် ကျွန် တော် တို့ သည် Fairways များ အား ကောင်း မွန် စွာ ထိန်းသိမ်း ပြု ပြင် ထား ပါသည်။



နှစ်နှစ် တစ် ကြိမ် စစ် ဆေး မှု သည် နောက် ထပ် အောင် မြင် မှု တစ် ခု ဖြစ်ပြီး COVID 19 ကြောင့် ပိတ် ရက် များ ထား ရှိရ ခြင်း သ က်ြန်အား လပ် ရက် များ နှင့် ရာ သီ ဥတုပြောင်း လဲလာ မှု များအရ လက်ရှိ အခြေ အ နေ များ နှင့် လိုက် လျော ညီ ထွေဖြစ် အောင် အချိန် ဇယားကို တစ်ကြိမ် ထက် မ က ရွှေ့ ပြောင်း ခဲ့ ရ သည်။ အ ဘယ် ကြောင့်ဆို သော် ခြောက် သွေ့ သော အချိန် တွင် ပြု ပြင် မွန်းမံ ခြင်း များ ပြု လုပ် ပြီး မိုး သည်း ထန် စွာ ရွာ သွန်း ခြင်း ကြောင့် ပိုမို ကောင်း မွန် သော အကျိုး ရ လဒ် ကို ရ ရှိ စေ သော ကြောင့် ဖြစ် သည်။


ရာသီဥတု သည် လည်း ပြု ပြင် မိုးမံမှု ကို များစွာ အထောက်အကူ ပေးခဲ့သည်။ အကယ်၍ သင်သတိ မထားမိပါက ၄င်း သည် အချိန် ကြာ သည် နှင့် အမျှ စုဆောင်း ထား သည့် အမြစ် များ သက် တမ်းတို သော အစေးများ အပျက်အစီးများကို ဖယ်ရှားပေး သည့် အပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်း ကြောင့် မြေများယိုယွင်း ပျက်ဆီးမှုကို တားဆီး ပေးပါသည်။ ဒါအပြင် ထို သက်ငယ် အမိုးများ သည် ဓာတ် မြေဩ ဇာ များ rootzone သို့ပိုမို နက်ရှိုင်းစွာ ထိုး ဖောက် နိုင်ကို တားဆီး လိမ့် မည် ဖြစ် သည်။ ခြုံငြုံ ပြောရလျှင် အကျိုးကျေးဇူး များ အလွန်များ ပြားသည် ဖြစ် သည်။ ထို ကြောင့် ကျွန် တော် တို သည် ယခု လုပ်ငန်းစဉ် ကိုတစ် နှစ် လျှင် နှစ် ကြိမ် ပြုလုပ် မည် ဖြစ်ပြီး အောက်တိုဘာ အစတွင် ယခုကဲ့သို့ ထပ်မံ လုပ်ဆောက် မည် ဖြစ်သည်။


ကျွန်တော် တို့ ပြောခဲ့ သည့် အတိုင်း TORO 3100 REEL MASTER စက် အသစ်ကြီး ကို လက်ခံ ရရှိ ပြီးကျင်း တစ်ခုစီတိုင်း ၏ fairway ကို semi -rough အနေအထား ဖန်တီးထားရှိသည်။ ထို ကြောင့် သင်၏ ဘောလုံးကို fairway မှ ကစားခြင်းနှင့် fairway တစ်ခုမှ ကစားခြင်းသည် ထူးထူးခြားခြား ကွာခြားမှုမရှိပေ။ ထိုကြောင့် fairway များတွင် Steve’s Rough ပေါ်တွင် ရိုက် နည်းကို အသုံးပြု ၍ ကောင်းမွန် သောရိုက်ချက် များရရှိ နိုင် ပါသည်။




နောက်ဆုံး အနေ ဖြင့် သတိ ပေးခြင် တာကတော့ Rough Turf နေရာ များတွင် အချို့ သော ရုပ်ဆိုးသော မြင်ကွင်း များ မြင်နိုင် ပေ သည်။ ရုပ်ဆိုး သောမြင်ကွင်း များမြင်နိုင် ပေသည်။ မေလနှင့် ဇွန်လ နောက်ပိုင်း တွင် ပေါင်းပင်များ ဆေးဖြန်းခြင်းများ စတင်မှာ ဖြစ်ပြီး မြက်ခင်းများသည် တစ်လ နှစ်လခန့် အထိအမြင် ဆိုးနေလိမ့်မည် ဖြစ်သည်။ သို့သော် Zoysia Turf ပြန် လာသည် ပိုမို ကောင်းမွန် သောရလဒ် များ ဖြင့် ယခင်ကဲ့ သို့ ကြည့် ရ အဆင်ပြေ စေလိမ့် မည် ဖြစ် သည်။




ကျွန်တော်တို့ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ပြုလုပ်နေချိန်တွင် အဆင်မပြေမှုများရှိခဲ့သည်ကို သည်းခံခွင့် လွှတ်ပေးသည့် ဧည့်သည်တော်များကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။ ဧည့်သည်များ၏ စိတ်ကျေနပ် မှုသည်လည်း ပန်းလှိုင်ကိုအမြင့်ဆုံးစံနှုန်းနှင့် ထိန်းသိမ်းထားသည်နှင့် ထပ်တူ ထပ်မျှ အရေးကြီးပါတယ် ခင်ဗျ။

 

သတင်းများ


- Match play championship ကို COVID 19 ကြောင့်ခေတ္တရပ်နားထားပြီး ပြန်လည်ကျင်းပသွားမည် ဖြစ်ပါသည်။


- Club Championship ကို ဒီဇင်ဘာ ၅-၆ တွင်ကျင်းပသွားမည်ဖြစ်ပါသည်။


- ရိုက်ချက်တစ်ချက်တည်းနှင့်ကျင်းဝင်

Mr Han - ကျင်းနံပါတ် ၁၂



GENERAL REMINDERS


· အစောဆုံး Tee Off ချိန်ကို မနက် ၅း၃၀ သို့ ပြောင်းလဲ သတ်မှတ်ထားပါသည်။


· တစ်ကိုယ်ရေ သန့်ရှင်းရေးမှု ဆိုင်ရာ အလေ့အကျင့် များကို အကောင်းဆုံး အချိန်အတိုင်း လေ့ကျင့် ပေးနေပါသည်။ (Sanitise, Social Distancing, Distance and Repeat)


· Facebook နှင့် Instagram@punhlainggc ကို follow လုပ်ထားဖို့လည်း မမေ့ နဲ့ ဦးနော်

 


95 views0 comments

Recent Posts

See All

Comments


© 2020 by Yoma Golf. All Rights Reserved. 

Developed by Myanmar's Real Estate Developer Yoma Land

PHGC Award Logo.jpeg
Unknown-1.jpeg
PGABlack.png
slalogo.png
Heineken-Logo-500x283_edited.png
ford-logo-19BC08DD00-seeklogo.com.png
YOMA Primary Logo.png
NIS Logo copy.png
bottom of page