• Yoma Golf

ပန်းလှိုင်ဂေါက်ကလပ်နှင့်အတူ PGA သင်ကြားရေးပညာရှင်အသစ်ကိုကြိုဆိုလိုက်ပါ။

Phil Moore နှင့်တွေ့ဆုံခြင်း


ကိုယ်ရေးရာဇဝင်


Phil က အိုင်ယာလန်မြောက်ပိုင်း Ballymena ဇာတိသားဖြစ်ပြီး Ballymena Golf Club မှာ Golf ကစားရင်းကြီးပြင်းလာသူတစ်ဦးပဲဖြစ်ပါတယ်။ အသက် ၂၁ နှစ်မှာ ပရော်ဖက်ရှင်နယ်လိုင်းကို ရွေးချယ်ခဲ့ပြီး Johnny Foster Golf Academy တွင် Assistant Teaching Professional အဖြစ်ဖြင့် စတင်လုပ်ကိုင်ခဲ့ပါတယ်။ ထို့နောက် စကော့တလန် Aberdeen မြို့မှာရှိတဲ့ Murcar Links GC သို့ Junior Academy and Coaching Programs များအတွက် တိုးတက်မှုများဆောင်ရွက်ရန်မပြောင်းရွှေ့မှီ Cleobury Mortimer GC မှာ Head Professional အနေနှင့်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ Phil ဟာ ဆော်ဒီအာရေဗျနိုင်ငံ၊ Jeddah မြို့ King Abdulla University of Science & Technology Safaa ရှိ Golf Club တွင် Head Professional အဖြစ်ဝင်ရောက်လုပ်ကိုင်ပြီး ကျွမ်းကျင်မှုတွေ ပိုမိုရရှိလာခဲ့ပါတယ်။

ပန်းလှိုင်ဂေါက်ကလပ်မှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းကြော်ငြာထားတာကို မြင်မြင်ချင်းမှာ စိတ်ဝင်စားခဲ့ပြီး နိုင်ငံတကာလေ့ကျင့်မှုအတွေ့အကြုံ အနှစ် ၃၀ ကျော်ခန့်ရှိတဲ့ ပန်းလှိုင်အဖွဲ့ကို ဝင်ရောက်ဖို့

ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ သူက Golf ကိုစတင်ကစားတဲ့ ကစားသမားများ၊ Grass roots Juniors များ ကစလို့ ကျွမ်းကျင်အဆင့်ကစားသမားများအထိ သင်ကြားပြသပေးခဲ့ဖူးတဲ့ အတွေ့အကြုံများစွာရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Phil က ၂၀၁၃ ခုနှစ်မှာ Birmingham တက္ကသိုလ်မှ Applied Golf Management Studies ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်ပြီး ပညာရပ်အပိုင်းမှာ အရည်အသွေးများဆက်လက်တိုးတက်မှုရှိအောင် လေ့လာမှုများဆက်လက်ပြုလုပ်ခဲ့ပါတယ်။ TPI Certified Instructor၊ Swing Catalyst Level 2 Instructor နှင့် US Kids Certified Coach အစရှိတဲ့ အသိအမှတ်ပြုလက်မှတ်များကိုလည်း ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ဥရောပ Tour နည်းပြများဖြင့် အလုပ်အတူတွဲလုပ်၍ နည်းပြအတွေ့အကြုံများစွာကို ရရှိခဲ့ရုံမက အငယ်တန်းနည်းပြများ၊ စိတ်ပညာရှင်များ၊ Physical Trainers များဆီကလည်း ချီးကျူးမှုများရရှိခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ နှင့် ဆော်ဒီအာရေဗျနိုင်ငံတွေမှာ Junior Academies များကို တိုးတက်အောင်သင်ကြားပြသမှုများ ပြုလုပ်ပေးတဲ့ အတွေ့အကြုံများစွာရရှိခဲ့ပြီး အောင်မြင်မှုများလည်း ရရှိခဲ့ပါတယ်။ ထိုရရှိခဲ့တဲ့အတွေ့အကြုံများအပြင် Schools Coaching Program ကိုလည်း ဦးဆောင်ခဲ့ရခြင်းတို့ကြောင့် ၂၀၁၇ ခုနှစ်မှာ Coach of the Year with Sport Aberdeen ဆုအတွက် စကာတင်စာရင်းဝင်ခဲ့ပါတယ်။

အတွေ့အကြုံ၊ ပညာရပ်ပိုင်းဆိုင်ရာတို့မှာ နှံ့စပ်သူဖြစ်တဲ့အပြင် Golf ကစားခြင်းနှင့်ပတ်သက်၍ အင်မတန်မှ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်တဲ့ Phil က ပန်းလှိုင်ဂေါက်ကလပ်မှာရှိတဲ့ အဖွဲ့ဝင်ကစားသမားများနှင့်တွေ့ဆုံပြီး ဂေါက်ရိုက်နည်းလမ်းတွေမှာ ပိုပြီးတိုးတက်လာအောင်သင်ကြားပြသပေးဖို့ကိုလည်း စိတ်အားထက်သန်လျက်ရှိပါတယ်။


ဂေါက်ကစားခဲ့ခြင်းနှင့်ပတ်သက်၍


· အသက် ၁၂ နှစ်တွင် Golf ကို စတင်ကစားခဲ့ခြင်း

· Handicap 5 ကို အသက် ၁၅ နှစ်တွင် စတင်ရရှိခဲ့ခြင်း

· စိတ်ဝင်စားစရာအချက် - 6 handicap ကို တစ်ခါမှ မကစားဖူးခြင်း

· ၂၀၀၇ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ Fred Daly Quarter Finals ကို ရောက်ရှိခဲ့သော Ballymena Junior Team တွင် ပါဝင်ခဲ့ခြင်း

· Darren Clarke Golf School ကို ၂၀၀၇ ခုနှစ် မှ ၂၀၀၉ ခုနှစ်အထိ တက်ရောက်ခဲ့ခြင်း။

· ၂၀၀၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော Junior Cup Qualifying တွင် lowest round ၄ ချက်ထဲဖြင့် ရိုက်နိုင်ခဲ့ခြင်း

· 2 handicap အနေဖြင့် ၂၀၁၂ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်အနေနှင့် ပြောင်းလဲလုပ်ကိုင်ခဲ့ခြင်း


နည်းပြလုပ်ကိုင်ခဲ့ခြင်းနှင့်ပက်သတ်၍


· ၂၀၁၃ ခုနှစ်တွင် Birmingham တက္ကသိုလ်တွင် Applied Golf Management Studies ဘာသာရပ်ဖြင့်ဘွဲ့ရရှိခဲ့ခြင်း

· ၂၀၁၃ ခုနှစ်တွင် ဥရောပ Tour နည်းပြ Johnny Foster လက်အောက်တွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း

· ၂၀၁၇ ခုနှစ်တွင် Aberdeen မြို့တွင် ပြုလုပ်သော for my innovative schools program ဖြင့် Coach of the Year with Sport Aberdeen ဆုအတွက် စကာတင်စာရင်းဝင်ခဲ့ပြီး Murcar Links တွင်လုပ်ကိုင်ခဲ့စဥ်က Junior Membership အရေအတွက်ကို ၃၂ ယောက်မှ ၁၈၇ ယောက်အထိရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း

· TPI လက်မှတ်ရရှိထားပြီးသော level 1 Instructor

· SAM Puttlab လက်မှတ်ရရှိထားပြီးသော Level 2 Instructor

· Swing Catalyst Level 2 Instructor

· US Kids Certified နည်းပြ

· Junior Golf Alliance အသင်းဝင်


Phil နှင့်ပတ်သက်သော အခြားအချက်လက်များ


· အကြိုက်ဆုံးဝါသနာ - မြှားတိုပစ်ခြင်း

· အကြိုက်ဆုံးဘောလုံးအဖွဲ့ - Manchester United နှင့် Aberdeen F.C

· အကြိုက်ဆုံး ဂေါက်အိတ်ထဲမှာရှိတဲ့ ဂေါက်ရိုက်တံ - 5 iron

· အကြိုက်ဆုံး ဂေါက်ကစားသမား - Rory McIlroy

· four ball အိမ်မက်က - George Best, Liam Neeson နှင့် Paul Stirling

· အကြိုက်ဆုံးဂေါက်ကွင်း - Vilnius မြို့ Lithuania နိုင်ငံရှိ The V Golf Club

· ဂေါက်ကစားနည်းမဟုတ်ပဲ အခြားကြိုက်နှစ်သက်တဲ့ အားကစား - မြှားတိုပစ်ခြင်း၊ ဘောလုံးကစားခြင်း၊ ခရစ်ကက်ကစားခြင်း၊ Rugby နှင့် တင်းနစ်တို့ပဲဖြစ်ပါတယ်။

· ကျွန်တော်ရဲ့ ဂေါက်နဲ့ပတ်သက်ပြီး အနာဂတ်ရည်မှန်းချက်က အရည်အချင်းပြည့်မှီပြီး Open Championship မှာ အောင်မြင်ဖို့ပဲ ဖြစ်ပါတယ်။


97 views

© 2020 by Yoma Golf. All Rights Reserved. 

Developed by Myanmar's Real Estate Developer Yoma Land