top of page

ပန်းလှိုင်ဂေါက်ကလပ် ဇူလိုင်/သြဂုတ် စာစောင်

Updated: Aug 22, 2020


Golf Director, Stephen Chick ၏ အမှာစကား


ပထမဆုံးအနေနဲ့ ဂေါက်ကလပ်ကို ပြန်လည်ပြုပြင်မွမ်းမံနေတာတွေနဲ့ပတ်သက်တဲ့ ကောင်းမွန်တဲ့ သတင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ Golf check-in ၊ Golf နှင့် ဆက်စပ် ပစ္စည်းများဝယ်ယူနိုင်မည့်ဆိုင်အသစ်ကို စက်တင်ဘာလမှာ ဖွင့်လှစ်သွားဖို့ရှိတာမလို့ Awei Metta သို့လာရောက်ရန် မလိုအပ်တော့ပါဘူး။ ခန်းမဆောင်အသစ်၊ Noodle Bar စတာတွေပါဝင်မယ့် စားသောက်ဆိုင်အသစ် နှင့် ထပ်မံတိုးချဲ့ထားတဲ့ လသာဆောင်အသစ်တို့ပါ ဆက်လက်ဖွင့်လှစ်သွားဖို့လည်း ရှိတာကြောင့် ပိုမိုကျယ်ဝန်းတဲ့ လသာဆောင်မှာ စိတ်လန်းဆန်းသွားစေမယ့် ဖျော်ရည်လေးတွေ သုံးဆောင်ရင်း ကျင်း ၁၈ ကျင်းပါဝင်တဲ့ ဂေါက်ကွင်းရဲ့ အလှကို ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ The Golf Academy ကို အခမ်းအနားနဲ့ ဖွင့်လှစ်မှာဖြစ်ပြီး အောက်တိုဘာလ အကုန်လောက်မှာ စတင်နိုင်ဖို့ အသင့်ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖွင့်လှစ်ပွဲမှာ Resident PGA Teaching Professional ခန့်အပ်နိုင်ဖို့ ကိုလည်း မျှော်လင့်ပါတယ်။ ဒါကြောင့်ပန်းလှိုင် Golf Club ကို အဆင့်မြှင့်တင်ပေးမယ့် အသစ်အသစ်သော ပံ့ပိုးမှု များနဲ့အတူ နောက်ဆုံးအဆင့် ပြင်ဆင်မွမ်းမံနေမှုများအပေါ် အလွန်ပဲ တက်ကြွပျော်ရွင်နေမိပါတယ်။

နောက်ထပ်သတင်းကောင်းလေးကတော့ Golf Club ရဲ့ Caddies များဟာ 'Step In Step Up' နှင့် ပူးပေါင်းပြုလုပ်တဲ့ development program မှာ အင်္ဂလိပ်စာ၊ Customer Service ဝန်ဆောင်မှု ၊ Golf နှင့် ပတ်သက်သော စည်းမျဥ်းစည်းကမ်းချက်များ သင်ကြားပေးခြင်း အစီအစဥ်မှာ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် DIGAY မှ စီစဥ်ကျင်းပသည့် ၅၃ ကြိမ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့မှာ ကျင်းပရန်နေရာရွေးချယ်ခြင်းခံရသည့်အတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ်။ ထိုပွဲမှ အစားအသောက်နှင့် အခြားသောလိုအပ်နေသည့် နေရာများတွင် အကျိုးပြုရန်အတွက် မြန်မာကျပ်ငွေ သန်းကို လက်ခံရရှိခဲ့ပါတယ်။ ယခုဒီစာကို ဖတ်ရှုနေကြတဲ့ မြန်မာနိုင်ငံပြင်ပတွင်နေထိုင်သူများနှင့် ရန်ကုန်မြို့ကို ပြန်လည်လာရောက်ရန် ရည်ရွယ်ထားသူများအတွက်လည်း ရန်ကုန်ကိုပြန်လည် ပြေးဆွဲပေးနေတဲ့ relief flights အတော်များများရှိနေပြီဖြစ်တာကြောင့် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဂေါက်ကွင်းထဲမှာ မကြာခင်ပြန်လည်တွေ့ရှိဖို့ကိုလည်း မျှော်လင့်ပါတယ်။ လက်ရှိကစားနေသူများအနေနှင့်လည်း အခြားသောနိုင်ငံများမှာ covid-19 ဒုတိယအချီ ပြန်လည် ဖြစ်ပွားနေတာကြောင့် သန့်ရှင်းမှုကို ယခုလိုပဲ အချိန်ပြည့်ဂရုစိုက်ကြဖို့ကို အကြံပြုတိုက်တွန်းလိုပါတယ်။ ကျန်းကျန်းမာမာနဲ့ Golf ကို စိတ်လက်အေးဆေးစွာ ဆော့ကစားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

 

စည်းမျဥ်းအသစ်

သင့်အနေနဲ့ ကျင်းပေါက် ၁၀၊၁၁၊၁၄ နှင့် ၁၈ တို့မှာ Hazard တိုင်များကို စိုက်ထူထားတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အကယ်၍ သင့်ရဲ့ ဘောလုံးက hazard ကို ဖြတ်ပြီး water hazard ထဲကို ကျရောက်သွားမယ်ဆိုရင် သင့်အနေနဲ့ ဘောလုံးဖြတ်သွားတဲ့ ဘေးနေရာကနေပြီး ပင်နယ်တီ relief ကို ရမှာပဲဖြစ်ပါတယ်။ စစလုပ်တဲ့ အမှတ်နေရာကနေ relief point ကို ရရှိနိုင်သလို သတ်မှတ်ထားတဲ့ drop zone နေရာကို အသုံးပြုပြီးလည်း ရရှိနိုင်ပါတယ်။

 

မြက်ခင်းပြင်ထိန်းသိမ်ရေးအပိုင်းနှင့်ပတ်သက်၍ ပြောကြားခြင်း


ယေဘုယျအားဖြင့် ကျွန်ုပ်တို့အနေနဲ့ ဂေါက်ကွင်းမှာ စိမ်းလန်းစိုပြေစွာ လှပနေတဲ့ မြက်ခင်းပြင်အစိမ်းနှင့်ပတ်သက်ပြီး ကျေနပ်အားရမိပါတယ်။ သို့သော်လည်း မိုးဥတုမှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေ၊ နေရောင်ခြည်လုံလောက်စွာမရရှိမှုတွေကတော့ စိန်ခေါ်မှုတွေ ဖြစ်စေပါတယ်။ ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုကတော့ အချို့သော ထုတ်ကုန်ပစ္စည်းများဖြစ်တဲ့ မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ ကို အသုံးပြုရမှာ မြန်မာနိုင်ငံရဲ့ custom စည်းမျဥ်းစည်းကမ်းများနှင့် သွင်းကုန်ကန့်သတ်မှုများကြောင့် အခက်အခဲများရှိသော်လည်း ကျွန်ုပ်တို့အနေနှင့် အကောင်းဆုံးနည်းလမ်းများကို အသုံးပြုပြီး ဖြေရှင်းမှုများပြုလုပ်လျက်ရှိပါတယ်။ ဖြေရှင်းနည်းတွေထဲမှာ လက်ရှိမှာ ကျန်ရှိနေသေးတဲ့ ကုန်ပစ္စည်းများကို အသုံးပြုပြီး လုပ်ဆောင်ရတာမျိုးတွေလည်း ပါဝင်ပါတယ်။


အောက်ဖော်ပြပါ ပုံများထဲမှာဆိုရင် အချို့သော မြက်ခင်းအကွက်တွေက အစိမ်းရင့်ရောင်ဘက်ရောက်နေတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာအရ ခေါ်ရမယ်ဆိုရင် Bermuda grass contamination လို့ခေါ်ဆိုနိုင်ပါတယ်။ ဒါကဘယ်လိုဖြစ်တာလဲဆိုပြီး သင့်အနေနဲ့ သိချင်နေပါလိမ့်မယ်။ ဘယ်လိုဖြစ်ရတာလဲဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ မြက်ခင်းပေါ်မှာ လမ်းလျှောက်တိုင်း paspalum မြက်တွေကို ညစ်ညမ်းအောင်ပြုလုပ်မိသလိုတွေ ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ခြေထောက်တွေက နေရာအနှံ့အပြားကိုသွားခဲ့တာကြောင့်ပါ။ အဲ့ဒါကြောင့် ဘယ်လောက်ပဲ ထိန်းသိမ်းပြုပြင်မှုတွေ ပြုလုပ်ပါစေ အချိန်ကြာလာတဲ့ အခါမှာ Bermuda Grass တွေက နေရာယူသွားတတ်ပါတယ်။ ဒီအခါမှာ ခွဲစိတ်ကုသမှု ပြုလုပ်ရသလိုပါပဲ ကျွန်တော်တို့အနေနဲ့ Bermuda grass တွေနေရာမှာ paspalum မြက်အကွက်တွေကို ပြုစုစိုက်ပျိုးထားတဲ့ မြက်ခင်းစိမ်းလေးတွေ ကနေ ယူပြီး အစားထိုးမှုတွေ ပြုလုပ်ရပါတယ်။ ဒီလိုမျိုးအစားထိုးမှုပြုလုပ်ရတာက တပတ်လောက်အချိန်ယူရပါတယ်။ ထိုကဲ့သို့ ဖြစ်ပွားတဲ့အခါမှာ ပိုမိုကြီးမားတဲ့ ပြဿနာမဖြစ်ခင်မှာ ခပ်မြန်မြန်ကိုင်တွယ်ဖြေရှင်းဖို့ကလည်း အရေးကြီးပါတယ်။


Bermuda grass contamination
ပျိုးခင်းမှ Paspalum turf ဖြင့်အစားထိုးပြီပုံ

အခြားသော အစီအစဥ်တွေအနေနဲ့ အရှေ့ကျင်းပေါက် ၉ ခု မှာ Tee ground ကို ပြန်လည် ပြုပြင်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့ မိုးရာသီတုန်းက အနောက်ကျင်းပေါက် ၉ ခုမှာ Tee ground တွေကို ပြန်လည်ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အချိန်ကြာလာတဲ့ အခါမှာ ဂေါက်ရိုက်လိုက်ရာမှ ထွက်လာတဲ့ မြေကြီးတွေက စုပုံလာပါတယ်။ ထိုကဲ့သို့ဖြစ်လာတဲ့ အမြင့်မတူတဲ့ မြေကြီးမှာ Tee off လုပ်ရတဲ့အခါတွေမှာ တော်တော်ပဲ အခက်အခဲ ရှိပါတယ်။ ပုံမှာဖော်ပြထားတဲ့ ကျင်းပေါက် ၈ နားက အချို့သော နေရာတွေမှာဆိုရင် ဂေါက်ရိုက်တဲ့ မြေပြင်အရွယ်အစားကို တိုးချဲ့ပြီး သမားရိုးကပုံစံရအောင် ပြုလုပ်ထားပါတယ်။



ကျွန်ုပ်တို့အနေနှင့် ပြန်လည်ပြုပြင်မှုများပြုလုပ်နေတဲ့ ဂေါက်ကွင်းတွင် လာရောက်ကစားရာမှာ လူကြီးမင်းတို့ရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ပန်းလှိုင်ဂေါက်ကွင်းကို အခြားသော ဂေါက်ကွင်းများနည်းတူ ပြင်ဆင်မှုတွေ ပြုလုပ်နေစဥ်မှာ ပိတ်မထားပဲ ဆက်လက်ဖွင့်လှစ်ထားတာက ပိုပြီးကောင်းမယ်လို့ ယုံကြည်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့လည်း ပန်းလှိုင်ဂေါက်ကွင်းကို အကောင်းဆုံးသောဝန်ဆောင်မှုတွေဆက်လက်ပေးနိုင်အောင်ကြိုးစားပြီး စိတ်ကျေနပ်မှုများ အပြည့်အဝရရှိအောင် လုပ်ဆောင်သွားပါ့မယ်လို့ ပြောကြားလိုပါတယ်။

 

Caddies များသင်ကြားရေး

Caddies များ Customer Service သင်ကြားရေးတွင် ပျော်ရွှင်တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပုံ

 

သတင်းနှင့်ပွဲများ


Matchplay ချန်ပီယံရှစ် update ကို; COIVID-19 ခရီးသွားလာခွင့်ကန့်သတ်ချက်များကြောင့် ဖြေလျှော့ပေးသည် နှင့်တစ်ပြိုင်နက်ပြန်လည်စတင်နိုင်သည်

+

  • ၅ ရက်နှင့် ၆ ရက် ဒီဇင်ဘာလ : ၂၀၂၀ ကလပ်ချန်ပီယံပြိုင်ပွဲအခမ်းအနား

  • သောကြာနေ့ ၂၈ ရက်သြဂုတ်လ : ကလပ် Lounge၊ အရောင်းနှင့်ငှားရမ်းခြင်းခန်းမ ဖွင့်ပွဲအခမ်းအနား

 

အသင်းဝင်အသစ်များ


June New Member July New Member

Mrs. Kim Lan - Sook Mr. Gerald Yuen Kwang Lee Mrs Ko Minjung Mr. Yomo Hideki Mr. Iwai Yoshiki Mr. Kotani Takehiko

Daw Phyu Phyu Win U Myo Myint Kyaw

Daw Nan Mo Hawn U Chit Oo Lwin

U Win Min Hein

U Kyaw Pe

Daw Hla Win

Col. Anthony Egan

Mr. Oh Hyoung Kwon

Mr. Park Woonyoung

 


အထွေထွေသတိပေးချက်များ


  • အချိန်တိုင်းတွင်တစ်ကိုယ်ရေသန့်ရှင်းမှုအကောင်းဆုံး အလေ့အကျင့်လုပ်ပါ (သန့်ရှင်းရေးနှင့်လူမှုရေးအကွာအဝေး)

  • Facebook & Instagram @punhlainggc တွင် Follow လုပ်ရန်မမေ့ပါနှင့်

 

Thai Country Club မှ အဖွဲ့ဝင်အခွင့်အလမ်းများကို Yoma Central အတွက် ပေးအပ်ခြင်း


The Peninsula Residences Yangon တွင် ဇိမ်ခံတိုက်ခန်းဝယ်ယူသူများအနေနှင့် ထိပ်တန်းအထူးအခွင့်အရေးများကို ရရှိမည့်အပြင် ဘန်ကောက်နိုင်ငံရှိ premier golf course ဖြစ်သည့် Thai Country Club တွင်လည်း အဖွဲ့ဝင်အခွင့်အလမ်း ပေးအပ်သွားနိုင်မည် ဖြစ်ကြောင်းကို ဝမ်းမြောက်ဝမ်းသာစွာနှင့် ကြေညာလိုက်ပါတယ်ဟု Yoma Lead ၏ Head of real estate ဖြစ်သူ Mr Stephen Purvis မှ ပြောကြားသည်။ The Peninsula Residences Yangon တိုက်ခန်းပိုင်ရှင်များအနေနှင့် The Peninsula Residences မှာရှိတဲ့ standard and a la carte ဝန်ဆောင်မှုများကို အပြည့်အဝရရှိနိုင်မည့်အပြင် ကမ္ဘာတဝှမ်းမှာရှိတဲ့ The Peninsula hotels များမှ အထူးဝန်ဆောင်မှုများ နှင့် The Peninsula Hotel Yangon တွင် လျှော့ဈေးများကို ရရှိမည် ဖြစ်သည်။ The Peninsula Residences Yangon ၏အိမ်ရာတိုက်ခန်းများကို ၂၀၂၁ အကုန်တွင် အပြီးတည်ဆောက်ရန်သတ်မှတ်ထားသည်။


Thai Country Club မှာ အာရှတွင် အကောင်းဆုံး ဂေါက်ကွင်းအဖြစ်သတ်မှတ်ထားခြင်းခံရပြီး ၁၉၉၆ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဂေါက်ကွင်းကို အမေရိကန်ဂေါက်အဖွဲ့အစည်း၏ စံသတ်မှတ်ချက်များအတိုင်း Dennis Griffiths မှ ဒီဇိုင်းပုံဖော်ထားခြင်းဖြစ်သည်။

၇,၀၇၉ ကိုက် ကျယ်ဝန်းသော ဂေါက်ကွင်းမှာ ၁၉၉၇ ခုနှစ်တွင် ပြုလုပ်သော Asian Honda Classic တွင် Tiger Woods မှ အနိုင်ရခဲ့သော ကွင်းဖြစ်သည်။ မျက်စိပဒေသဖြစ်သော ဂေါက်ကွင်းမှာ အလွန်သပ်ရပ်သန့်ရှင်းမှု၊ Neo-Classic ဒီဇိုင်းရှိမှု နှင့် ကျင်းပေါက်အများအပြားပါဝင်မှုတို့အပြင် ဒေသတိရိစ္ဆာန်များ၊ ဒေသပေါက်အပင်များနှင့် လှပသော ရေစီးဆင်းမှုများကြောင့် စိတ်ကျေနပ်မှုကို အပြည့်အဝပေးနိုင်သော ဂေါက်ကွင်းအဖြစ် ထင်ရှားကျော်ကြားသည်။


မေးမြန်းစုံစမ်းရန် :


Ms Charlotte Hnin Ei Win, Tel: +95 9 5153315, Email: charlotteng@yomaland.com


Ms Karin Hiramatsu, Tel: +81-3-5404-8570, Email: peninsula-yg@jcrealty.jp



* Please note special terms & conditions apply to Affiliate Member Access

 
 

Our Partners


78 views0 comments

Recent Posts

See All
bottom of page